နှင်းရေ...လို့
ခဏခဏခေါ်မိပေမယ့်
နှင်းဟာရောက်မလာပါ။
ရောက်မလာသေးပါ။
နှင်းတွေရောက်ကိုရောက်လာရလိမ့်ဦးမယ်လို့
ကော်ဖီခွက်ကို ခပ်ဆဆသောက်ရင်းက
တွေးခဲ့လိုက်တယ်။
သောက်လက်စကော်ဖီဟာအငွေ့တွေ မသေသေးပါ။
ကော်ဖီငွေ့တွေကိုအကုန်ရှူရှိုက်လိုက်မိပြီးတဲ့နောက်မှာ
ကော်ဖီခွက်ဟာချက်ချင်းဆိုသလိုအေးစက်သွား။
တစ်ချိန်တည်းမှာပဲ
နှင်းရေ.. လို့ လွှတ်ခနဲခေါ်လိုက်မိပြန်တယ်။
မကြာမတင်ပင်ပူပြင်းသောနွေရက်တွေထဲဖြတ်သန်းရတော့မည်။
ဆောင်းအခါအိမ်ခေါင်မိုးအုတ်ကြွပ်မိုးတွေပေါ်တင်နေကြလိမ့်မည်ဖြစ်သော နှင်းတွေကိုသာ ထိုင်ငေးနေချင်တော့တာပါပဲ။
နှင်းတွေတဖွဲဖွဲကျနေသောမနက်ခင်းတွင် စာတိုက်ပုံးထဲလာထည့်ထားလိမ့်မည်ဖြစ်သော သတင်းစာမှာ နှင်းအကြောင်းပါလာလိမ့်ဦးမည်။
ဒီတစ်ခါနှင်းတွေကျလာရင် အိမ်တံခါးတွေအကုန်ဖွင့်ထားမှာ။
မျက်နှာကျက်ဆီမှာ လည်နေသော ပန်ကာသံဟာ တအိအိနဲ့ ငြူစူနေသလိုပါပဲ။
ဒီနေရာမှာနှင်းသာဆို တိတ်တဆိတ်ရောက်လာမှာ။
မျက်လုံးကို ခဏမျှပိတ်သောအခိုက်အတန့်တွင်ပင်
လှိုက်ခနဲ လွမ်းဆွတ်လာပြန်သည်။
ဒီလိုနဲ့ပဲ
လွှတ်ခနဲတမ်းတမိပြန်တာပါပဲ...။
နှင်းရေ...။
(SMLT)
(12.06 am)
No comments:
Post a Comment