Posts

အပူအပင်ကင်းတဲ့ကလေးလေးဘ၀ကို တစ်ခါပြန်ပြီးရချင်သေးတယ် ဆိုတဲ့  သီချင်းသံကို ကြားရတဲ့အခါ ကလေးဘ၀ဟာ တကယ်ရော အပူအပင်ကင်းခဲ့ရဲ့လားလို့ ကျွန်မဖြင့် လှောင်ရယ်လေး ရယ်ပစ်ချင်မိတယ်။ ကျွန်မအနေနဲ့ကတော့ ကလေးဘ၀ရယ်လို့ အမှတ်ရစရာတွေကိုတွေးမိတဲ့အခါ ကလေးဘ၀ရဲ့အချိန်တော်တော်များများမှာ လူကြီးမြန်မြန်ဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ချင်စိတ်က ပိုပြီးများပြားနေခဲ့တယ်လေ။ ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူးလို့ ကျွန်မကို ချုပ်ချယ်ခံရတိုင်းပဲဖြစ်ဖြစ်၊ လူကြီးတွေရဲ့အကူအညီယူရမယ့်ကိစ္စမျိုးမှာ ကျွန်မကိုကူညီမယ့်သူမရှိတဲ့အခါမျိုးဖြစ်ဖြစ် ကျွန်မဟာ လူကြီးသိပ်ဖြစ်ချင်လာမိတတ်တယ်။ ဒါပေမယ့်လည်း ကျွန်မဟာ သူတို့တွေပြောစကားအရ ထုံတယ် အတယ် တဲ့။ အဲ့လိုနဲ့ပဲ ကျွန်မက အ,တယ်။ ထုံထိုင်းတယ် လို့ အသက်တော်တော်လေးကြီးလို့ အထက်တန်းအောင်တဲ့အထိ ကိုယ့်ကိုယ်ကို ယူဆမိနေလေ့ရှိခဲ့တယ်။ အမေဟာ သူ့အယူအဆအရ အဲ့လိုပြောရင် ကျွန်မမှာ မခံချင်စိတ်တွေဖြစ်လာပြီး ပိုပြီးကြိုးစားလာလိမ့်မယ်လို့ ယူဆခဲ့ပုံပဲ။ အမှန်တကယ်လည်း ကျွန်မဟာ ထုံတယ်လို့ ၀န်ခံပါတယ်။ ဒါပေမယ့်လည်း ပြုပြင်စေချင်တဲ့စေတနာနဲ့ဆိုပေမယ့် ထုံတယ် အတယ် ဆိုတဲ့ အားနည်းချက်ကို မီးမောင်းထိုးပြသလိုမျ…

(၃) ယုကီ (Yuki )

(3) ယုကီ (Yuki)

=====

အဲ့ဒီနောက်ပိုင်းမှာ အဲ့ကောင်မလေးနဲ့ ကစားကြတော့လည်း ကျွန်မကိုသူကလူလည်ကျပြီး အနိုင်ကျင့်ဗိုလ်ကျရင် ကျွန်မက အလျှော့ပေးရလေ့ရှိတယ်။ ဒီလိုပါ...။ ကျွန်မက လူကြီးတွေပြန်လာမယ့်အချိန်ကိုစောင့်ရင်းနဲ့ သူ့အိမ်မှာပဲ ကစားခဲ့ရတာများတယ်။ အဲ့ဒီတုန်းကကျွန်မညီမလေးဖြစ်တဲ့ မီကီ ကို မမွေးသေးဘူး။ ကျွန်မအစ်မကဖြစ်တဲ့ နာရာ ဟာလည်း ကျွန်မထက် ခုနစ်နှစ်နီးပါးကြီးတယ်။ ကျွန်မသိတတ်စအရွယ်မှာ နာရာက အလယ်တန်းကျောင်းသူ ဖြစ်နေခဲ့ပြီ။ ကျွန်မ မိဘတွေက အိမ်ကိုသော့ပိတ်ပြီးအလုပ်ကိုယ်စီသွားကြရတယ်။ အမေက အိမ်ကနေ ၈ နာရီလောက်မှာ အလုပ်သွားရတာဖြစ်ပြီး အဖေဟာ ၉နာရီခွဲလောက်မှ ရုံးကိုသွားလေ့ရှိတာ မှတ်မိသေးတယ်။ ကျွန်မကျောင်းကပြန်ရောက်လို့ ကျွန်မရဲ့အစ်မကလည်း ကျောင်းကပြန်မရောက်သေးတဲ့အခါမျိုးနဲ့ကြုံရင် အိမ်ကိုသော့ခတ်ထားလေ့ရှိတာမို့ ကျွန်မက ယုကီတို့အိမ်မှာ ကစားရင်း အိမ်ကိုပြန်လာမယ့်လူကြီးတွေကိုစောင့်နေဖြစ်ခဲ့ရတာများပါတယ်။ ကျွန်မနေတဲ့ရပ်ကွက်က တစ်အိမ်နဲ့တစ်အိမ်ခြံချင်းကပ်နေတဲ့အိမ်ကလေးတွေရှိတဲ့ရပ်ကွက်ပါ။ သူ့အိမ်က ကျွန်မတို့အိမ်နဲ့ ဘေးချင်းကပ်လျက်ပဲ။အိမ်နှစ်အိမ်ကြားမှာ ခြံစည်းရိုးဆိုတာ ရှိခဲ့ဖူးတယ်ဆိုရုံ ခြံစည်းရိုးအရာ…

(၁) နာရာ

(၁) နာရာ (Nara)

အဲ့ဒီနေ့က နာရာ ရဲ့ မျက်လုံးတွေဟာ မီးရောင်တွေတဖျက်ဖျက်ပြန်လက်နေသလိုလက်လက်ထနေတဲ့ ကြောင်တစ်ကောင်ရဲ့မျက်လုံးမျိုးပဲ။ နာရာ့ရဲ့မျက်နှာဟာ ဒေါသကြောင့် ရေစိုနေတဲ့ကြောင်တစ်ကောင်ရဲ့မျက်နှာလိုစုတ်ချွန်းနေပြီးတော့ မျက်နှာဟာလည်းမည်းနေတော့တယ်။ ကျွန်မကိုသူ့ထုံးစံအတိုင်း ငယ်ငယ်ကလိုအထင်သေးဟန်စွက်တဲ့အကြည့်စူးစူးနဲ့ကြည့်တယ်။ သူ့ထုံးစံအတိုင်း ငယ်ငယ်ကလို ပိဿလေးနဲ့ဘေးပစ်သလိုစကားလုံးတွေနဲ့အလဲထိုးတယ်။ ပြီးတော့ အနိုင်ရသူဟာသူပဲဖြစ်တယ်ဆိုတဲ့ယုံကြည်မှုမျိုးနဲ့လှည့်ထွက်သွားခဲ့တယ်။ အခြေအနေတွေကမှ မတူတော့ဘဲနာရာရဲ့ လို့ သူ့မျက်လုံးကိုစေ့စေ့ကြည့်ပြီး အော်ပစ်လိုက်ချင်ပေမယ့် မပြောဖြစ်ခဲ့ဘူး။ စကားလုံးတွေကို မျက်ရည်တွေကျရင်း အတင်းမျိုချပစ်ခဲ့တယ်။ ဒါပေမယ့်အဲ့ဒီနေ့ နဲ့ နာရာ့ရဲ့စကားလုံးတွေကို ကျွန်မဘယ်တော့မှ မေ့တော့မှာမဟုတ်ဘူး။ ဒေါသကြောင့်ထွက်လာတဲ့မျက်ရည်တွေကို ခပ်ကြမ်းကြမ်းပွတ်သုတ်ခဲ့တယ်။ ရင်ဘတ်မှာစူးအောင့်လာတဲ့နာကျင်မှုကို ဇွတ်အတင်းဖျောက်ဖျက်ယူခဲ့တယ်။ ကျွန်မရဲ့မနက်ဖြန်တွေမှာ အလုပ်လုပ်ဖို့အတွက် အားအင်တွေရှိနေရဦးမယ်လေ။ ဒါတွေကို နာရာသိမှာမဟုတ်ဘူး။ သိချင်စိတ်လည်းရှိခဲ့တာမဟုတ်ဘူး။ ကျွန်မဟာ နာရာ့ကို သိပ်ချစ်ခဲ…
“ပေါင်မုန့်ဟာ ပေါင်မုန့ပဲ..ပေါင်မုန့်ကိုပေါင်မုန့်ထက်ပိုပြီးမျှော်လင့်လို့မရဘူး...” 5 November 2010 at 19:35    မနက်က စောစောနိုးတယ်..။ စောစောဆိုပေမဲ့ ၈ နာရီထိုးတော့မယ်။ ညက မအိပ်နိုင်တာမို့လို့ ဒီအချိန်နိုးတာစောတယ်လို့တောင်ပြောရမယ်.။ ကော်ဖီလေးသောက်ဦးမှ ဆိုပြီးထဖျော်တော့ မုန့်ပါစားချင်လာရော..။ ဟိုတစ်ရက်က၀ယ်လာတဲ့ပေါင်မုန့်ကို သွားသတိရတော့ ဦးနှောက်က ကြက်ဥလေးကိုပါမျက်စပစ်တယ်..။ ဒါနဲ့လက်က ဆီပုလင်းနဲ့အိုးကိုပါ လှမ်းမိရော..။ ခဏကြာတော့ ပေါင်မုန့်ကြက်ဥကြော်နဲ့ကော်ဖီပန်းကန်ကိုင်ပြီး အခန်းထဲဝင်ထိုင်ပြီး လုပ်စရာမရှိတော့ လည်း online ၀င်ပြီး အလုပ်လေးဘာလေး ထပ်လျှောက်ပါဦးမယ်လေဆိုပြီး ကွန်ပြူတာရှေ့ထိုင်မိတယ်..။ အမှန်က ကွန်ပြူတာကို စားပွဲပေါ်ကနေ ကုတင်ပေါ်ယူပြီး အစားလေးတစ်ဖက်နဲ့ နှပ်တာပါ..။ ဒီလိုနဲ့ပဲ..အလုပ်လျှောက်မယ်ဆိုတဲ့လက်က jobsdb ဆီမသွားပဲ ပေါင်မုန့်ကြက်ဥကြော်ဆီလှမ်းတယ်..။ ကော်ဖီကတော့ တစ်ဝက်ကျိုးပြီးသွားပြီ။ အဲဒီမှာ ဇာတ်လမ်းကစတာပဲ..။ ကြက်ဥကြော်နေကျ လက်က ပေါင်မုန့်ကြက်ဥကြော်တော့ မေ့ပြီး အချိုမှုန့်ခတ်မိတာနဲ့ အရသာက အတော်လေးစွမ်းနေလေရဲ့..။ အင်း....ဆိုပြီး မျိုချမိတော့ ကိတ်မုန့်မွှေးမွှေးလေး…
ငါကိုယ်တိုင်ရေးတဲ့ငါပျော့ညံ့ကြောင်း... 25 October 2010 at 00:27  ငါကဗျာတစ်ပုဒ်ရေးချင်တယ်...
ငါကိုယ်တိုင်ရေးတဲ့ငါပျော့ညံ့ကြောင်း...
ဘယ်လောက်ပျော့ညံ့လိုက်သလဲဆိုရင်..
ဟောဒီကဗျာထဲမှာတောင် ငါညံ့ကြောင်းမရေးရဲတဲ့အထိ..။
နောက်ရှိပါသေးရဲ့ငါ့ရဲ့ညံ့တဲ့အကြောင်းတွေ...
အရှိန်ပြင်းပြင်းထွက်ပြေးသွားတဲ့နင့်ချစ်ခြင်းမေတ္တာနောက်
ငါ က ဒရွတ်တိုက်လိုက်ပါမိတဲ့အခါ..
ကွဲကြေကျိုးပျက်..
နင်တစ်ပွင့်စီသီကုံးပေးခဲ့တဲ့ငါ့အမှတ်တရတွေထဲမှာမှ
အလွမ်းက အလည်လာတယ်...
ဘယ်တော့မှမပြန်တော့ဘူးတဲ့..
အဲဒါနဲ့ပဲငါလေ..နင့်ကို လွမ်းကြောင်းအတွေးထဲတောင်မတွေးရဲတော့တဲ့အထိ..။
တကယ်ပါ..
အဲဒီ ..နင်တစ်ပွင့်စီသီပေးခဲ့တဲ့ ငါ့အမှတ်တရတွေထဲ..နင်နောက်ဆုံးသီပေးခဲ့တဲ့ အမုန်းပွင့်လေးဟာ
အလွမ်းတွေကို ဆက်ပွင့်နေကြောင်းတောင်...နင့်ကိုငါ မပြောရဲခဲ့တဲ့အထိ...။
အဲဒါနဲ့ပဲ..ငါပျော့ညံ့ကြောင်းရေးရင်းငါ...ငါ့ကဗျာတောင်အဆုံးမသတ်နိုင်တော့တဲ့အထိ..။

seinn mya mya kyaing
1:20 am,25.10.2010
တောင်းပန်ပါတယ်.. 2 November 2010 at 14:29  အခါတစ်ပါး..အခြား..အခြားသောအတိတ်များဆီက ငါမှားသောစကားများ..သူ့နားဝယ်ခါးအံ့...။
ငါ နှလုံးသားနူးညွတ်..နောင်တတို့စွတ်စို..။
ငါ၏အတိတ်..ငါ၏အရိပ်တို့ ငါကြည့်တိုင်း ငါ့နှလုံးသားဝယ် သူ့အရိပ်ထင်၏...။
သူကား ကြိုးစား...ငါ့အားမမေ့နိုင်ငြားအံ့... ငါ့အပြစ်ကိုခွင့်လွှတ်ပါလေ...။
ထိုထိုအတိတ်...ငါ့အရိပ်ဝယ်...ငါ့ကိုတငိးသောကြိုးများလျော့စေသတည်း...။

ငါ၏ထိုစကား..ထိုလူ..ထိုလူ..ငါ့ဆိုင်သူ..သူ...ကြားစေသတည်း...။
အလွမ်းများ 19 December 2010 at 02:42 မနေ့ကအထိလတ်ဆတ်နေခဲ့သောလေက ငါ့ကိုဖြတ်တိုက်သွားခဲ့တယ်။ သက်ပြင်းကိုမှုတ်ထုတ်မိရင်း စိတ်ကိုတဖန်ပြန်တင်းဖို့အတွက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရပြန်တယ်...ဟက်ခနဲငါ့ကိုယ်ငါရီမိတော့ ပါးပြင်ပေါ်ကနွေးခနဲခံစားချက်ကိုရတယ်။ သက်ပြင်းမှုတ်ထုတ်မိတဲ့ငါက စိတ်ကိုပြန်တင်းဖို့အတွက် အသက်ကိုပြင်းပြင်းရှိုက်ရပြန်တယ်..။ ဟုတ်တယ်...ငါက ငါ့စိတ်ကို လေးကြိုးလိုတင်းတယ်...တင်းလွန်းရင်ပြတ်တတ်တာကြိုးပဲ.။ ငါ့စိတ်နဲ့ငါမှုန်မှိုင်းတော့လည်း မြင်နေရတာက တစ်လောကလုံး မီးခိုးရောင်...ဟုတ်တယ်...နင်လည်းမီးခိုးရောင် ..ငါလည်းမိးခိုးရောင်..မြက်ခင်းတွေလည်းမီးခိုးရောင်..အားလုံးမီးခိုးရောင်ဟာ..နင်မသိလည်းဒါတွေက သိပ်ကိုအရေးမပါတဲ့ကိစ္စတွေပဲမဟုတ်လား..။ ငါအန်ချလိုက်ချင်တယ်...ဗိုက်ထဲမှာနေရတာမကောင်ဘူး..အသက်ရှူလိုက်တဲ့လေတွေသိပ်ကိုမလတ်ဆတ်တော့ဘူး..ငါအန်ချလိုက်တော့မယ်..ငါမှားမှန်းသိသိကြီးနဲ့ကိုဒိလမ်းကိုလျှောက်နေမိတာ..UTurn ကိုတွေ့နိုးနိုးနဲ့တော့မဟုတ်ဘူး..ငါက သိသိကြီးနဲ့ကိုမိုက်မဲနေမိတာပဲ..နင့်အတွက်တော့ဒါတွေက သိပ်ကိုအရေးမပါတဲ့ကိစ္စတွေဖြစ်ကောင်းဖြစ်မယ်..မဟုတ်ဘူး..ဖြစ်ကိုဖြစ်မယ်.။ ငါသက်ပြင်းကိုအကြိမ်များစွာခ…