Tuesday 20 December 2016

သင်ခန်းစာအကြီးကြီး

သင်ခန်းစာအကြီးကြီး
မကြည့်နိုင်တော့လို့မျက်လုံးကိုမှိတ်လိုက်ရ ။

သင်ခန်းစာအကြီးကြီး
မနက်မိုးလင်းကတည်းက တစ်စုံတစ်ခုကိုထိတ်လန့်နေရ ။

သင်ခန်းစာအကြီးကြီး
မဆန့်နိုင်တော့လို့ ရင်ဘတ်ကနေပြန်အန်ထွက်တယ် ။

သင်ခန်းစာအကြီးကြီး
ကျနော့်စိတ်ဝိညာဉ်ကလေးဟာတဆတ်ဆတ်တုန်ခါလို့ ။

သင်ခန်းစာအကြီးကြီး
အသံလှိုင်းတွေကိုရိုက်ခတ်သွားတယ် ။

သင်ခန်းစာအကြီးကြီး
ကျောပိုးအိတ်ထဲမှာတနင့်တပိုးနဲ့.. ။

သင်ခန်းစာအကြီးကြီး
ကြည့်လိုက်တိုင်းမြင်ရာ...ကျနော့်မျက်လုံးတွေကိုပိတ်ကာလို့..။

သင်ခန်းစာအကြီးကြီး
မတွေးချင်ဘဲတွေးနေရတဲ့ အကြောင်းအရာ..။

သင်ခန်းစာအကြီးကြီး
ကျောရိုးတစ်လျှောက် အေးစိမ့်ပျံ့နှံ..။

သင်ခန်းစာအကြီးကြီး
ကျနော့်နေ့ရက် ရှေ့အနာဂတ်တွေမှာ ရောက်လာဦးမလား.လို့။

သင်ခန်းစာအကြီးကြီး
ဒါဟာ ကျနော်ကိုယ်တိုင်ကိုယ်ကျယူခဲ့မိတဲ့သင်ခန်းစာ..။  ။


စိမ်းမြလင်းသစ်

(07/12/2011)

No comments:

Post a Comment