မင်း
ဖြစ်နိုင်လျှင်
စိတ်ကို အတိတ်ဆီမှာပဲ ထားလိုက်ချင်သည်။ ဒီစာကို သူဖတ်မိလျင်
လက်တွေ့မဆန်သူဟု ပြောမည်။ ကိုယ်ကပြုံရုံပဲတတ်နိုင်သူသာ။ ဒီထက်လည်း
ကိုယ်မပြောတတ်။ စကားလုံးတွေဟာ အကန့်အသတ်တွေနဲ့။ တစ်ဖက်ကမ်းဆီသို့
ကူးခပ်ခဲ့၏။ လှိုင်းနှင့်အတူ ဒီမှာဘက်ကမ်းဆီသို့သာ ယွန်းခဲ့ရပြန်သည်။
ပြတင်းပေါက်မှန်ဆီကတဆင့် အပြင်ကိုကြည့်မိတော့ လမ်းမီးတိုင်တွေဟာ
ဆောင်းညလမ်းမီးတိုင်တွေလို။ ဆောင်းမဟုတ်၊ နှင်းမဟုတ်။ မီးခိုး.. မြူ...။
အပူဟာ ကိုယ့်နှလုံးသားကို ဖိနှိပ်ထားသလိုဟုပြောလျင် မင်းက
ရယ်နေလိမ့်ဦးမှာ။ ဒီညလည်း အိပ်လို့ရမှာ မဟုတ်။ မန်းဒေးဘလူးဟာ ကျူးစ်ဒေးဆီ
လိုက်လာလိမ့်ဦးမှာ ။
No comments:
Post a Comment