ဟလို..မေမေ
ရန်ကုန်မှာ မိုးတွေရွာတုန်းပဲလား..
ဒီမှာတော့နှလုံးသားတွေဟာ မနွေးထွေးဘူး..
အရာရာဟာ အေးခဲနေတော့တာပါပဲမေမေရယ်..
ဘယ်လိုဖြစ်တယ်ရယ်မသိဘူး
အခုတလော ဘာလုပ်လုပ်ကိုစိတ်မပါတာ
အရာရာကိုအားတင်းဖို့
အရင်တုန်းကလိုစိတ်ကလေး ပြန်ရချင်တာပေါ့မေမေရယ်
လွမ်းတယ်ရယ်လို့တောင်မတွေးရဲတော့ပါဘူး
သမီးစားတဲ့ညစာတွေအေးစက်နေတာကလွဲရင်
အရာရာဟာ ပူလောင်ပါတယ်မေမေ
မေမေမျက်ရည်မကျပါနဲ့
ဒါဟာ ခဏပါ
ဟိုဆရာတစ်ယောက်ပြောသလိုဆို
ခံရလှတစ်ဘ၀ပေါ့မေမေ..။
ဘ၀ဆိုတာလည်း ခဏတာလို့ဆိုရဲ့မဟုတ်လား..
သမီးနေထိုင်ရာအရပ်မှာ
မိသားစုမေတ္တာခမ်းခြောက်တယ်
နေ့စဉ်အသွားအပြန်လမ်းတွေမှာ ခြေလှမ်းတွေလေးပင်ရင်း
ညအိပ်ချိန်လေယာဉ်သံတွေကြားရင်
ရင်တွေပူလာတာပါပဲမေမေရယ်
ရေနဲ့တောင်မျှောချလို့မရဘူး..
သူများတွေနဲ့နှိုင်းစာရင်
သမီးအဖြစ်က ဘာမှတော့မဟုတ်ဘူး
ဘာပဲပြောပြော
အိမ်ပြန်ချင်တယ်မေမေ..။
စိမ်းမြလင်းသစ်
29/6/2011
No comments:
Post a Comment