ဒီနေ့ မနက်နိုးလာတော့ မိုးက ခပ်ဖွဲဖွဲရွာနေတယ် လို့ စုက ပြောတော့  
ကိုယ်ကငေးနေတုန်း။ အင်းနော် မနက်ကမိုးရွာနေတာပဲလို့ နောက်မှ  
ပြန်ပြောလိုက်ရတယ်။ ငါက အိပ်ချင်တဲ့ဟာကို နင်ကအတင်းဖုန်းခေါ်နေတော့  
ကိုင်လိုက်ရတာ၊ အမှန်ကအိပ်ချင်သေးတာတဲ့။ စုကပြောပြီး မျက်နှာကိုပုပ်ထားတယ်။ ဒီလိုပဲ သူက မကြိုက်တာဆိုရင်  
တတွတ်တွတ်နဲ့ ပြီးခဲ့တဲ့အကြောင်းအရာတွေကို မပြီးနိုင်မစီးနိုင်  
ပြန်ပြန်ပြောနေကြ။ သူရပ်လိုက်ချင်တဲ့အကြောင်းအရာဆိ
ုလည်း  
တိခနဲကိုရပ်ပစ်တတ်တာ။ အမှန်က ကိုယ်ကဖုန်းမဆက်လည်း  
သူကကိုယ့်ကိုဖုန်းဆက်မှာပဲဆိုတာ သူ့ကိုဒီအချိန်မှာ ပြန်မပြောချင်ပါဘူး။  
ခုအချိန်မှာ စိတ်ချမ်းသာသလိုနေပါစေလို့ သူ့ကို လွှတ်ထားပေးရတယ်။ ငါက  
နင်နဲ့အတူတူ လျှောက်သွားချင်လို့ပါဟ လို့ သူ့ကို  
ပြေရာပြေကြောင်းပြောလိုက်ရတယ်။ သူကတော့ ကြားပုံမရပါဘူး။  
အဝေးကိုငေးနေတော့တယ်။ ခဏနေတော့ ထိုင်ခုံမှာထိုင်နေရာကနေ ထပြီးတော့ ကန်အစပ်က
  မြက်ခင်းပေါ်မှာ ခြေဆင်းပြီးတော့ ထိုင်ချလိုက်တယ်။ ဟဲ့ နင်  
ကျွတ်တွယ်ဦးမယ်လို့ လှမ်းအော်လိုက်ရသေးတယ်။ ကျွတ်မရှိလောက်ပါဘူးဟ..  
ပြီးတော့ ခြောက်နေတာပဲ.. ငါထိုင်ချင်လို့တဲ့။ ကိုယ်လည်း  
ဘာမှမပြောတော့ပါဘူး..။ လမ်းက ၀ယ်လာတဲ့ ပလတ်စတစ်ဗူးထဲက အအေးကိုပဲ  
ပိုက်နဲ့စုပ်သောက်နေလိုက်တယ်။ အအေးက အေးလွန်းလို့လားမသိဘူး လည်ချောင်းထဲမှာ
  စူးကျင်သွားတယ်။
 စုက မြက်တွေကို 
အဖျားလေးတွေလိုက်နှုတ်နေတယ်။ ဟဲ့ မလုပ်နဲ့လေ  ရဲလာဖမ်းရင် ငါမကယ်ဘူးနော် 
လို့ လှမ်း အော်လိုက်တယ်။ ဘာဖြစ်လဲလို့  သူကပြန်ပြောတယ်။ ငါ့ဟာငါ 
ဘာလုပ်လုပ်တဲ့ ။ စုက မျက်ရည်တွေဝဲနေတယ်။ အဲ့ဒါနဲ့  ပဲ 
ကိုယ်လည်းသူ့ဘေးနားမှာ လိုက်ထိုင်လိုက်ရတယ်။ စိတ်ထိန်းပါဟာတို့  
မလွမ်းလောက်ပါဘူးတို့  ဘာဘာညာညာတွေတော့ ပြောဖို့စိတ်မကူးတော့ပါဘူး။  
ဒီအချိန်မျိုးမှာ ဒီလိုမျိုးစကားတွေပြောရင်လည်း ဒါဟာ  
စကားလုံးသက်သက်ကြီးတွေပဲဖြစ်ပြီ
း နားထောင်ရတဲ့သူ နားကလောရုံပဲဖြစ်မယ်။  
အဲ့ဒါနဲ့ပဲ သူ့ဘေးနားမှာ ထိုင်ရုံလေးပဲထိုင်လိုက်တယ်။ ဟဲ့ နင်  
ဟိုကောင်တွေဆီသွားချင်လား ငါလိုက်ပို့ပေးမယ်လေဟာဆိုတော့  
ဒီမှာပဲအေးအေးဆေးဆေးထိုင်ချင်
တယ်တဲ့။ အေးအေး လို့ဆိုပြီး ငြိမ်နေလိုက်ရတယ်။
 နေ့ခင်းကလည်း ရှော့ပင်းမောမှာ ခြေတိုအောင်လျှောက်သွားကြပြီးပြီ။ အမှန်က ကိုယ်သွားတဲ့နောက်သူ လိုက်ရတာ။ သူကတော့ ထုံပေပေနဲ့ပဲ။ ဘာမှလည်းမပြောဘူး။ မေးလိုက်မှ တစ်ခွန်းထထဖြေတယ်. အခုလည်းအဲ့လိုပဲ။ ဘာမှမပြောဘဲ ထိုင်နေတယ်။ ကိုယ်လည်း ဘာပြောရမှန်းမသိဘူး။ တကယ်က စကားတွေဆိုတာ ခံစားချက်ရှိမှပြောလို့ရတာမျိုး
။ သူနဲ့ကိုယ်နဲ့က စိတ်ခံစားချက်တူတယ်ပြောရမယ်၊ အကြောင်းအရာအတော်များများ တိုက်ဆိုင်ပြီး စကားတွေလုပြောရတယ်။ ကိုယ်ကပြောလို့မပြီးသေးဘူး၊ သူက လုလုပြောလို့ ရန်ခဏခဏဖြစ်ရသေး။ ခုတော့ ဒီကောင် ငြိမ်ချက်သားကောင်းနေတာ တော်တော်ကြာသွားပြီ။ သူ့ကိုဘယ်လိုနှစ်သိမ့်ပေးရမလဲ
ငါလေ
 အဲ့လိုမျိုး အဘိုးကြီးအဘွားကြီးစုံတွဲတွေကို
တွေ့ရင် စိတ်ထဲမှာတစ်မျိုးပဲ 
တဲ့။ သူပြောတော့မှာ သူကြည့်နေတဲ့နေရာဆီလိုက်ကြည့်လိ
ုက်တော့  
တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ လက်တွဲပြီးလျှောက်သွားကြတဲ့  
အဘိုးအဘွားစုံတွဲတစ်တွဲကို တွေ့လိုက်ရတယ်။ စုကပြောရင်း 
အားကျသလိုမျက်ဝန်းတွေနဲ့ ငေးကြည့်လို့။ ပြီးတော့ ဆက်ပြောတယ်။ သူတို့ဘ၀မှာ 
တစ်ယောက်နဲ့တစ်ယောက်
  ကြင်ကြင်နာနာနဲ့ နားလည်မှုတွေနဲ့ ဖြတ်ကျော်ခဲ့ရတာလို့ ငါတော့ ခံစားရတယ်ဟ။ 
 ဟုတ်မဟုတ်တော့မသိဘူးတဲ့။ ဟုတ်ရင်လည်းဟုတ်မှာပေါ့။ ဘယ်သူက ဘယ်သူ့ကို  
ဘယ်နှကြိမ်မြောက်သည်းခံခွင့်လွှတ်ခဲ့ရလဲ။ ပြီးတော့ တကယ်ရော မေတ္တာနဲ့ ဖြတ်ကျော်ခဲ့ရတာလား။ ဒါတွေကိုတော့ ကာယကံရှင်တွေကိုယ်တိုင်ပဲသိမှာေ
ပါ့။ ဟုတ်ချင်ရင်လည်း ဟုတ်မှာပေါ့။ မဟုတ်ချင်လည်းမဟုတ်ဘူးပေါ့။ တစ်ခါတစ်ခါတော့ စုက အဲ့လိုပဲ။ ခံစားချက်ကို ရှေ့တန်းတင်တာများတယ်။ သူများတွေအတွက်ဘာမှမဟုတ်တာတွေက သူ့အတွက် အကြီးကြီးတွေဖြစ်ချင်ဖြစ်နေတတ်
လေအဝှေ့မှာ 
စုဆံပင်တွေ ၀ဲခနဲပဲ..။ ဆံပင်ပျော့ပျော့အောက်က မျက်နှာဖျော့ဖျော့အောက်မှာ 
မျက်ဝန်းတွေ အရောင်တောက်လာကြတယ်။ စုက ပြောတယ်..အမှန်က လူတွေမှာ 
ပေတံတစ်ချောင်းစီရှိထားကြပြီးသာ
းပဲဟာ၊  ကိုယ့်ပေတံနဲ့ကိုယ် 
အမှန်တွေအမှားတွေ ကောင်းတာတွေ မကောင်းတာတွေ  လိုက်တိုင်းတာနေကြတာပါ။ 
ကိုယ်ကြိုက်ရင် ကောင်းတယ်လို့ သတ်မှတ်ပြီးတော့ မကြိုက်ရင် 
မကောင်းဘူးလို့သတ်မှတ်ကြတယ်။ အမှန်က
 ဒါတွေက အလကားတွေပဲ။ ဒါပေမဲ့ ငါကတော့ ကောင်းတယ်ဆိုးတယ်ဆိုတာကို 
ငါ့ကြိုက်နှစ်သက်မှုက သူတပါးကို ထိခိုက်ခြင်း ၊ 
မထိခိုက်ခြင်းနဲ့တိုင်းမယ်.ပြီး
တော့ အခုအချိန်ကစပြီး  ငါလုပ်ချင်တာကို လုပ်တော့မယ် 
တဲ့..အဲ့လိုပြောပြီးတော့ စုက မောသွားသလိုပဲ ၊  သူ့အအေးကို အခုမှ သောက်တယ်။ 
ငါလုပ်ချင်တာတွေက သူများကို  မထိခိုက်ရင်တော်ပြီပေါ့တဲ့။ 'တစ်ယောက်ယောက်ကို 
ရည်ရွယ်ချက်ရှိရှိ  ထိခိုက်စေခဲ့ပြီးမှ လိပ်ပြာလုံတယ်လို့ 
ပြောရဲတဲ့လူတွေကို ငါထိုင်ရယ်မယ်ဟာ'  တဲ့။ ပြောရင်း စုက ရယ်တယ်၊ ရယ်ရင်းနဲ့ 
မျက်ရည်ဝဲလာလို့  ခေါင်းကိုမော့လိုက်တာတွေ့လိုက်ရသေးတယ်။ ခုမှ ထွန်းလိုက်တဲ့ လမ်းမီးရောင် ၀ါဖျော့ဖျော့အောက်မှာ အာတင်းထားတဲ့ စု မျက်နှာလေးကို ကိုယ်က ငေးမိတယ်။ ကိုယ်က သက်ပြင်းခပ်ဖွဖွ ချမိရင်း နင်သူတို့ကို တွေ့လိုက်သေးလို့လားလို့ မေးလိုက်တော့ ဟိုရက်က ငါနဲ့ ပွဲတစ်ခုမှာဆုံတယ်ဟ တဲ့။ သူတို့က လှမ်းနှုတ်ဆက်တယ်..ငါအံ့သြလို့တဲ
့။ စုရယ် နင်ကငါတို့ကိုမပြောဘူး၊ အခုမှပြောတယ်ဟာ လို့ပြောမိတော့ ငါစိတ်ကုန်သွားလို့ပါဟာတဲ့။ ဒါဆိုလည်း မခံစားနေနဲ့တော့ပေါ့ လို့ ပြောတော့ ဘာလဲ ငါက အကုန်လုံးကို ပျော်စရာလို့ လိုက်တွေးနေရမှာလားလို့ ပြန်ပြောတယ်။ ပြီးတော့ ရယ်လိုက်သေးတယ်။ စုရယ်..နင်ကလည်းဟာ လို့ ပြောမိပြီး ကိုယ်က ဘာပြောရမှန်းမသိပြန်ဘူး။ အချစ်သူရဲကောင်း အလကားကောင်တွေပါဟာ၊ ငပေါတွေ ဆိုပြီး စုက မတ်တပ်ရပ်လိုက်တယ်။ ညောင်းတယ်ဟာ..လမ်းလျှောက်ရအောင်
ငါဟိုရက်က သူတို့အတွဲကို ကားပေါ်ကလှမ်း 
မြင်လိုက်သေးတယ်ဟ။ သူက  ကောင်မလေးကို အတော်ကြင်နာတဲ့ပုံပဲတဲ့ 
ဟိုကောင်မလေးလက်ကိုကိုင်ထားတယ်။  ခုံလေးမှာထိုင်ရင်းနဲ့ 
တတွတ်တွတ်နဲ့စကားတွေပြောနေကြတာ.
.အများအမြင်မှာ  အတော်ကြင်နာတဲ့အတွဲလေးပဲ။ 
ကောင်မလေးကလည်း တော်တော်ပျော်နေတဲ့ပုံပဲတဲ့။ နင်က  မနာလိုဖြစ်နေတာလား 
လို့မေးလိုက်တော့။ မဟုတ်ဘူးဟ အဲ့ဒီအချိန်တုန်းက  ငါ့ခံစားချက်ကို 
ခုထိမေ့လို့မရသေးတာဟာ..ဘာနဲ့တူ
လဲဆိုရင် ..လူပုံကြားထဲမှာ  အကျီင်္အပြဲကြီး 
ဝတ်လာမိတာကို ရုတ်တရက် သိလိုက်ရသလိုမျိုး ခံစားလိုက်ရတယ်။  
ပြန်တွေးမိတိုင်း အဲ့လိုခံစားနေရတုန်းပဲ။ မလုံမခြုံဖြစ်သွားတဲ့စိတ်မျိုး ။ 
 စုက ခုနက ၀ယ်လာတဲ့ ကိတ်မုန့်ကိုစားရင်း အအေး သောက်လိုက်သေးတယ်။ ခုတော့  
တည်တည်ငြိမ်ငြိမ်ဖြစ်သွားပုံပဲ။ နင်သူတို့ကို စိတ်နာသွားတာ၊  
ရှက်သွားတာဆိုတော့ သစ္စာဖောက်ခံရတဲ့ခံစားမှု၊ အရမ်းနာကျင်တယ်တဲ့။  
ကြာရင်မေ့သွားမှာပါ ဆိုတော့ အဲ့ဒါ အမြဲအမှတ်ရနေမယ့်သင်ခန်းစာလို့  
ပြောရင်းရယ်နေတယ်။ နောက်သင်ခန်းတွေ သတိထားပေါ့ဟာ ပုစ္ဆာက တစ်ပုဒ်နဲ့တစ်ပုဒ် မတူရင်ဘယ်လိုလုပ်မလဲ ၊ နင်ကခဏခဏတွက်ချင်လို့လားလို့  
ပြောပြီး နှစ်ယောက်သားရယ်လိုက်ကြသေးတယ်။ အေးနော် တစ်ပုဒ်နဲ့တစ်ပုဒ်ပေးထားချက်တွေကလည်း တူချင်မှတူမှာ လို့စုကပြောသေးတယ်။ ပြီးတော့လည်း ငါက သင်္ချာဆိုရင် သိပ်ကိုညံ့သေးတာတဲ့..။ ဒီပုစ္ဆာမို့လို့ မှားတယ်၊ နောက်တစ်ပုဒ်က နောက်တစ်မျိုးမို့လို့မှားတယ် ဆိုသလိုလည်းဖြစ်နေဦးမယ် လို့ပြောမိကြပြီး နှစ်ယောက်သားရယ်မိကြသေးတယ်။
မီးတွေတောင် ထွန်းထားပြီနော် လို့ပြောမိတော့ စုက နင်ကပြန်ချင်ပြီလားတဲ့။  နင်လည်းမနက်ဖြန်အလုပ်သွားရမှာ
မဟုတ်လား
 မနက်မထနိုင်ဘဲနေမယ်လို့  ပြန်ပြောလိုက်ရတယ်။ အေးပါဟာ ဆိုပြီး စုက ဒါဆို 
ပြန်ကြရအောင်လေ တဲ့..။  သူ့ကြည့်ရတာ 
ဖျော့တော့တော့နဲ့..ပိန်လည်းပိန်
သွားတယ်။ အစားမှန်မှန်စား၊  ပျော်အောင်နေ 
လို့ စုကိုပြောမိတော့ စုက ပြုံးနေတယ်။ နောက်ဆိုရင် နင်  အေးဆေးဖြစ်သွားမှာပါဟာ ဆိုတော့ 
ငါကအခုရော ဘာဖြစ်နေလို့လဲတဲ့..။ အခုတော့  သက်သာသွားပြီမဟုတ်လားဆိုတော့..'ဟဲ့ ဒီဒဏ်ရာက ပုရွက်ဆိတ်ကိုက်တဲ့ဒဏ်ရာမှမဟုတ်
တာဟာ ' တဲ့..ပြောပြီးရယ်နေရော..။ သူ့ရယ်သံက ခပ်အက်အက်နဲ့၊ စုမျက်နှာလေး ခပ်မဲ့မဲ့ဖြစ်နေမှန်း ကိုယ် သိသားပဲ။ ကိုယ်က ခေါင်းကိုငုံ့ပစ်မိရင်းနဲ့ နင်ဟာလေ ခုတမျိုး တော်ကြာတစ်မျိုး..တတ်လည်းတတ်နို
စိမ်းမြလင်းသစ်
(13/07/2012)
 
No comments:
Post a Comment