ဖြစ်ရပ်များဟာပြာရီသွေ့ခြောက်လွ
နိယာမတွေအတိုင်းပဲရွေ့လျားခဲ့
ကာလတစ်ခုအရောက်
လက်တွေဟာ ကြက်ခြေခတ်ခြင်းအတတ်ပညာမှာကျွမ်
အသိစိတ်ဟာ အမှောင်ထုထဲမှာပိုမိုလုံခြုံလာ...
ကိုယ့်ကိုယ်ကို (ခဏလောက်ဖြစ်ဖြစ်)
ကယ်တင်ကြည့်ဦးမယ်/ကယ်တင်ကြည့်ချင်တယ်။
မျက်လုံးကိုခဏလေးမှိတ်ထားလိုက်..။
အတိတ်ဟာ စိမ်းမြစိုလက်နေဆဲပဲလားလို့ စဉ်းစားကြည့်ရအောင်။
ဒီအကြောင်းအရာရောက်ရင် ခေါင်းကကိုက်ကိုက်လာတယ်
အတိတ်ဟာ အတွေးတွေနဲ့ တိုက်မိ ခိုက်မိလို့ မဖြစ်ဘူး
တလဲ့လဲ့တောက်ပနေခဲ့ဖူးတဲ့ရယ်မော
ကိုယ်သိရသမျှ
ချစ်ခြင်းမေတ္တာဟာ ဘယ်ဆီဘယ်ဝယ်ခရီးလွန်နေခဲ့ပြီလဲမသိ
အဲ့ဒီဖဲချပ်ကလေးကို မှောက်ထားတုန်းပဲ။
နာရီတွေရပ်တန့်နေခဲ့တာကြာပြီ..။
ဆောင်းဟာနှစ်အတော်ကြာတဲ့အထိမအေးမြတော့ဘူး။
နှင်းတွေကိုတစ်ခါလောက်ပဲမြင်ခဲ့ဖူးတယ်..။
အဲဒီနေ့က နှင်းတွေ ကားပြတင်းကနေ၀င်လာတယ်..။
သူ့ကျောင်းအကျီင်္လေးဟာ အဖြူရောင်လဲ့စင်လို့..။
ကချင်လွယ်အိတ် ၊ အပြာရောင်လုံချည်..။
မနက်ခင်းတစ်ခုလုံး နှင်းတွေနဲလင်းချင်းဖြူလွလို့
အဲ့ဒီအတိတ်ဟာ ဘယ်တော့ပြန်ကြည့်ကြည့်ဖွေးလက်တောက်ပလို့..။
ဘာကြောင့်များဒီအတိတ်ကလွဲရင် ကျန်တဲ့အရိပ်တွေမည်းသွားရသလဲ..။
မေးခွန်းတွေ တစ်စစီကွဲအက်နေတယ်..။
အမှားတွေထဲသွန်ချမိတဲ့နေ့ရက်တွေ
အခုထိ ကိုယ့်ကိုယ်တိုင် ပြန်မကြည့်ရဲသေးဘူး..။
အလင်းရောင်ကြောက်တတ်နေပြီဖြစ်တဲ့ မျက်လုံးတွေ
ကိုယ့်နှလုံးသားကိုပြန်ကြည့်ဖို့ ကျီးကြည့်ကြောင်ကြည့်..။
ငယ်ငယ်ကရိုးသားချင်ခဲ့သလောက်
အခုမရိုးသားတော့ဘူး..။
မျက်လုံးမှိတ်လိုက်ရင်ကိုပဲ
အတိတ်ဟာ ဇာတ်လမ်းတိုတစ်ခုရဲ့အမြန်ပြကွက်တွေလို..ဖျတ်ခနဲ..
ဖြစ်ရပ်များဟာ ပြာ ရီ သွေ့ ခြောက် လွန်း လှ ချည် ရဲ့..။
စိမ်းမြလင်းသစ်
(31/10/2011)
သူငယ်ချင်း.. ငါ့အတွက်လဲ တစ်ပုဒ်လောက်ရေးပေးပါလား.. ငါ့ခံစားချက်တွေလေ... :-)
ReplyDelete