Friday 17 August 2012

သစ်ပင်-၁ ၂ ၃



သစ်ပင်-၁

ဘ၀ဟာ သစ်ပင်
ဘ၀ဟာ မြစ်ရေ
နောက်ပြန်မလှည့်ဘူး
မရပ်တန့်ဘူး
တိတ်တိတ်လေးပါပဲ
ဒါပေမဲ့
လိပ်ပြာကတော့ လှတယ်။

သစ်ပင်-၂

မျှော်လင့်ခြင်းတွေ ဖူးပွင့်ဖို့
(ငါ့အား)
ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်စွာ မွေးမြူ
ပြီးတော့ အိပ်မက်တွေကို ခူးယူပါ။


သစ်ပင်-၃

နေ့တစ်နေ့ရဲ့အစ
ပျော်ရွှင်စွာနိုးထ
ပြီးတော့
ညတွေလည်း လှနိုင်စေ။


စိမ်းမြလင်းသစ်


(18/08/2012)

No comments:

Post a Comment