Monday 26 March 2012

ဂါထာ

လက်တွေ့ .. လက်တွေ့..
အသက်ကိုငွေ့ငွေ့ကလေးရှူ

သေချာခြင်းမသေချာခြင်း တွေဝေဒွိဟဖြစ်ခြင်း
အမှားလားအမှန်လားသိပ်မစဉ်းစားနဲ့
ဥာဏ်နည်းသူရဲ့လမ်းအတိုင်း ခေါင်းကိုရမ်း

ရှိတယ် သိတယ်
ဖြစ်မယ် ပျက်မယ်

အရာရာဘာကိုမှမငြင်းနဲ့ မတောင်းနဲ့
ပြီးရင်လည်းပြီးသွားမှာပဲ
ဒါဟာခဏတာ
ဒီညနေတွေဟာမကြာမကြာဖျားနေတယ်ဘယ်သူပြောလဲ

ဘယ်ကိုလည်းမကြည့်နဲ့ ညာကိုလည်းမကြည့်နဲ့
လက်တွေ့ လက်တွေ့ ...
အသက်ကိုငွေ့ငွေ့လေးရှူပြီး ရှေ့ကိုလှမ်း..။   ။



စိမ်းမြလင်းသစ်
(27/03/2012)

No comments:

Post a Comment